11 July 2009

♥ 再見了!台灣!


ထိုင်ဝမ်က သူငယ်ချင်း KDY ရဲ့ နောက်ဆုံးလက်ရာတစ်ခုပါ၊ “နှုတ်ဆက်ပါတယ်၊ ထိုင်ဝမ်” ဆိုပြီး နာမည်ပေးထားတယ်၊ ထုံးစံအတိုင်းပဲ ကျနော် ကြိုက်မိပြန်ပါတယ်။ နောက်တစ်ရက်ဆို မြန်မာပြည် ပြန်ရတော့မယ့် ကျောင်းသားတစ်ယောက်က မြန်မာပြည်မှာရှိတဲ့ သူ့သူငယ်ချင်းတွေကို ပြန်ပြဖို့ ထိုင်ပေမြို့အနှံ့ တစ်ရက်တာ ဓာတ်ပုံလိုက်ရိုက်ပြီး မှတ်တမ်းတင်နေပုံကို နောက်ခံ စကားပြောလေးနဲ့ ရိုက်ထားတာပါ။

အကြိုက်ဆုံးအခန်းကိုပြောရရင်...

“အိမ်ပြန်ခါနီး ဘတ်စ်ကားစီးတော့ လမ်းပေါ်မှာ ဆန္ဒပြနေတဲ့ လူအုပ်နဲ့တိုးတယ်၊ ဆင်းကြည့်မယ် ဟန်ပြင်တော့ ကားပေါ်က ဦးကြီးတစ်ယောက်က ဆန္ဒပြတာများ ဘာကြည့်စရာရှိလို့လဲ လို့ မေးသေးတယ်၊ တကယ်ဆို သူ မသိပါဘူး၊ မြန်မာပြည်ကို အပြီးပြန်တော့မယ် ကျနော့်လို လူတစ်ယောက်အတွက် ဆန္ဒပြပွဲဆိုတာမျိုးကို ပြန်ကြုံရဖို့ ဘယ်လောက် ခဲယဉ်းတယ်ဆိုတာ သူမသိပါဘူး...”

အနှစ်ပါပဲ။

Wow! eye Taiwan မီဒီယာပြိုင်ပွဲ ဒုတိယအဆင့် ဆန်ခါတင်စာရင်းဝင်ပါ၊ လေးစားပါတယ်။

--
德胤的新作品,超棒!以下是他在msn上留的言:

http://tavis.tw/ezfiles/0/1000/img/7/home.html 最近拍的東西,主題也跟家書差不多。目前入圍了第二階段。有興趣可以看一下。

http://www.youtube.com/user/KYAWKDADYIN 或是youtube也可以。
--
謝謝德胤,以你為榮!

Post a Comment

အပေါ်က form ထဲမှာ မြန်မာစာရိုက်မရသူများ ဒီမှာရိုက်ပြီး ကူးထည့်နိုင်ပါတယ်။

10 comments:

Ko Boyz said...

အခုချိန်ဆို မြင်ဖို့ အခွင့်အလမ်း ၃၅.၆၄၃၉၈၂% တိတိ ရှိပါတယ်။

khin oo may said...

အစကတည်းကအလွ်းခံကလေးနဲ့ကြည့်တော့အစကတည်းကလွမ်းနေစရာကောင်းလေရဲ့ တိမ်တွေကလည်းလွမ်းစရာဘဲ။ ဘာမှ နားမလည်ဘဲနဲ့ကိုလွမ်းနေပါပြီ။

khin oo may said...

အလည်မှာ နဲနဲ အိုင်တ.ယ် ကျန်တာကတော့ပြောစရာမရှိ

khin oo may said...

အဲ.တစ်ခုတော့ရှီ
သူက လည်းရိုက် သူ့ကိုလည်းသူများက ပြန်ရိုက်ပေးတော့စိတ်ပူမိတာတစ်ခုက mr bean ထဲကလို သူ့ကင်မလာ ကို သူများက ရိုက်ချင်ယောင်ဆောင်ပေးပြီးလုပြေးမှာ ကိုဘဲ စိုးရိမ်ပြီး ရင်တဖိုဖို နဲ့ကြည့်နေမိတယ်။ တော်ပါသေးရဲ့ ကင်မလာ အကောင်း အတိုင်း ကျန်ခဲ့တယ်။

naylin said...

မြန်မာလိုလေး ပါ ဘာသာပြန်ပြီးပြောပေးရင် ပိုကောင်းမယ်နော်။ တရုတ်လိုဆိုတော့ ပုံလေးတွေပဲ ကြည့်သွားတယ်

sin dan lar said...

မော်တော်ဆိုင်ကယ်သွင်းတာတို့ ဝတ်ရုံဖြူကောင်မလေးတို့ ရိုက်တဲ့ သူငယ်ချင်းလား....။ နောက်ဆုံးလက်ရာတော့ လုပ်ပါနဲ့အေ့... နောက်တစ်ခေါက်ပြန်ရောက်ပြီး ထပ်ရိုက်ချင်ရိုက်နေဦးမှာပေါ့...။။
ပြီးမှ လာကြည့်မယ်..။

Zhao-self said...

哈!感謝TZA宣傳。最近你應該也很忙吧;MSN較難遇到!
網路版本因為是ၤူၤFLV的關係,所以會比較偏「暗」一點。
雖然也是比較屬於獵獎金的創作,故比較粗糙一點,但內容還是以僑生為主軸,希望大家會喜歡!

Nanda said...

တရုတ်လိုနားမလည်ပေမယ့် ပြကွက်လေးတွေနဲ့ ပြောပြနေတဲ့လေသံကနေ ခံစားလို့ရလောက်အောင် ကို တင်ပြပုံကောင်းပါတယ်။ ဖြစ်နိုင်ရင် ဗမာလို Narration လေးနဲ့ ဖြစ်ဖြစ် စာတမ်းထိုးနဲ့ဖြစ်ဖြစ်ကြည့်ရရင်သိပ်ကောင်းမှာပဲ။ မြန်မာလူမျိုးစစ်စစ်ဖြစ်တဲ့ ကျုပ်ထက် မြန်မာပိုပီသပြီး မြန်မာပြည်ကိုချစ်တဲ့ တရုတ်အမျိုးသားတစ်ယောက်ဖြစ်မယ်လို့ ထင်မိတယ်။
ကျေးဇူး။

KMA said...

Nanda သို့
မြန်မာလူမျိုးစစ်စစ် ဆိုတာကို ရှေးခေတ် စာပေကျမ်းဂန် သမိုင်းအထောက်အထား ကိုးကားပြီး ကျေးဇူးပြု ရှင်းလင်းပေးစေချင်ပါတယ်။ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာကြီး၊ မြန်မာရေသောက်၊ မြန်မာဆန်စား၊ မြန်မာအစားအစာနဲ့ စာပေစကားကို ခုံမင်စွာ စားသောက် ပြောဆိုနားလည်တတ်ရင်ပဲ မြန်မာအမျိုးသား(လူမျိုး)လို့ ဝိသေသပြု (ခေါ်တွင်)ဖို့ "မျက်မှောက်ခေတ်ကြီးမှာ" အဟန့်အတား အခက်အခဲများစွာ ရှိနေဆဲပဲလားလို့ ကျိုးနွံစွာ မေးပါရစေခင်ဗျား..။

မင်းညို said...

မြန်မာပြည်သား ဗမာအမျိုးအနွယ် ၊ မြန်မာပြည်သား ကချင်အမျိုးအနွယ်၊ မြန်မာပြည်သား ကရင်အမျိုးအနွယ်၊ မြန်မာပြည်သား တရုတ်အမျိုးအနွယ်၊ မြန်မာပြည်သား အိန္ဒ္ဒ္ဒိ ယအမျိုးအနွယ် ..................

မင်းညို (ကျွန်တော်သိမှီိသလောက် အလယ်ပိုင်း ဗမာ)

Say Hi


C-box မှာ မြန်မာစာမမြင်ရရင် ဒီဧရိယာထဲကို copy-paste လုပ်ပါ။