ပြီးခဲ့တဲ့ရက်ပိုင်းက ဒီကိုလာလည်သွားတဲ့ မိုးကောင်းသူ သူငယ်ချင်းပါ၊ အမြဲတမ်း ပြုံးရွှင်နေတတ်ပြီး အမြဲတမ်း ဗိုက်ဆာနေတတ်တဲ့အတွက် အမြဲတမ်း လုံးကစ်ကစ်လေး ဖြစ်နေတတ်ပါတယ်။
အဲဒီညက သူတို့နဲ့ အသား အရိုး အဖန်ရည် (ဘာ့ကွတ်တေ 肉骨茶 ကို လှပချောမွေ့စွာ မြန်မာမှု ပြုလိုက်ခြင်း) ဆိုင် တစ်ဆိုင်မှာ တွေ့ဖြစ်ပါတယ်၊ တော်တော့်ကို နာမည်ကြီးတဲ့ဆိုင်ပါ၊ Founder 發起人 လို့ ခေါ်ပါတယ်၊ လိပ်စာက 347 , Balestier Road ပါ။ တန်းစီပြီး စားရတယ်၊ နံရံတွေပေါ်မှာ လာစားသွားဖူးတဲ့ နာမည်ကြီး၊ နာမည်လတ်၊ နာမည်သေး လူပုဂ္ဂိုလ်တွေနဲ့ ဆိုင်ရှင်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ အပြည့်ပါပဲ။ အမှန်တိုင်း ဝန်ခံရရင်တော့ ဒီက ဘာ့ကွတ်တေတွေကို သိပ်အကြိုက်ကြီး မဟုတ်ပါဘူး၊ ဒီကဟာ မကြိုက်ရအောင် ဘယ်ကဟာ ကြိုက်လို့လဲကွ လို့ မေးလာရင်လည်း ဖြေစရာ အဖြေမရှိပြန်ဘူး၊ ဖြစ်နိုင်တာက ကျနော်ကိုက ဘာ့ကွတ်တေ မကြိုက်တာပါပဲ။ ငရုတ်ကောင်း အရသာ ပြင်းလွန်းတယ်၊ အိမ်နံပါတ် ၂၀၈၊ ရန်ကုန်လမ်းပေါ်က 黃亞細 လည်း အတူတူပဲ၊ လူကြိုက်များတာ ကျနော့်အတွက်တော့ ဆန်းနေတယ်။

ကျနော်က နောက်ဆုံးမှရောက်သွားတော့ သူတို့စောင့်နေရမှာကို အားနာတာနဲ့ ခပ်မြန်မြန်ပဲ စားလိုက်တယ်၊ လိုက်ပွဲလည်း ထပ်ယူမနေတော့ပဲ ပြန်ခဲ့ကြပါတယ်၊ လူရှစ်ယောက် ဘတ်စ်ကားစီးပြီး တိုပါးရိုး စင်ထရယ်နားကို သွားဖြစ်တယ်၊ ဒူးရင်းသီးနဲ့ မင်းကွတ်သီးကို စင်ကြီးရှေ့က အဝိုင်းနားမှာ ထိုင်စားကြတယ်။ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောဖြစ်ကြတယ်၊ ကျနော်တို့ အနောက်နားမှာ တပြွစ်ပြွစ် ထိုင်နမ်းနေတဲ့ အပ္ပနားတို့ စုံတွဲကို ချောင်းချောင်း ကြည့်ဖြစ်ကြတယ်၊ အဲဒီစုံတွဲ စကားပြောတဲ့အခါ ခေါင်းမခါရခြင်း အကြောင်းရင်းကို အတည်အပေါက် ထိုင်ဆွေးနွေးဖြစ်ကြတယ် (သီရိလင်္ကာကမို့လို့ ခေါင်းမခါတာဖြစ်မယ် ဆိုတဲ့ ကွန်ကလူးရှင်း ရလာပါတယ်)။ နောက်ပြီး မင်းကွတ်သီးကို အခွံမခွာပဲ အထဲမှာ ဘယ်နှမွှာရှိသလဲ ဆိုတာကိုလည်း ကျနော့် တသက်နဲ့တကိုယ် အဲဒီညမှပဲ သိခဲ့ရပါတယ်။ ဒါကတော့ ဒီကို အလည်ရောက်နေတဲ့ မန္တလေးသူပါ၊ အဲဒီညမှာပဲ ပြန်ဆုံဖြစ်ခဲ့ပါတယ်၊ ဆွေးနေတယ်လို့ ထင်ရပါတယ်။

--
အင်း၊ အချုပ်ဆိုရရင် ပျော်ရွှင်ဖွယ်ရာ ညလေးတည ဖြစ်ခဲ့ပါတယ် ပေါ့ကွယ်။
--
久違的阿田前幾天從廣州過來玩,約在「發起人」肉骨茶跟他們見面。不好意思讓大家等很久,一方面又不怎麼喜歡吃肉骨茶,我只吃了一碗飯而已。總覺得我在這邊吃過的肉骨茶胡椒味都太濃了,搞不懂為啥還是有那麼多人喜歡吃。
說到阿田,她還是跟以前一樣一點都沒變;滿面笑容,很有喜感。當晚還跟德美,老侯等老友們相遇(沒想到瓦城的 မငယ် 也在這),吃完飯到大巴窟捷運站附近商圈走走,她們買了榴槤跟山竹,大伙邊吃邊聊,不知不覺聊到很晚。
嗯,又是說再見的時刻了,不知何時才能真的「再見」。

Post a Comment
အပေါ်က form ထဲမှာ မြန်မာစာရိုက်မရသူများ ဒီမှာရိုက်ပြီး ကူးထည့်နိုင်ပါတယ်။23 comments:
ဘာ့ကွတ်တေလို့ တစ်ခါမြင်လိုက်တိုင်း လန်ကွတ်တီကို ဘာ့ကြောင့်သတိရရ သွားရတာလဲ....။(မဟုတ်သေးပါဘူး၊ခေါင်းကိုခပ်ကြမ်းကြမ်းရမ်းခါလိုက်..)
စင်ဒန်လား.... တို့အနေခက်အောင် ဘာလို့ လန်ကွတ်တီကို ဆွဲထည့်ရတာလဲ။
မန်းလေးသူက လန်းလှချည်လား။ သူ့ပုံတင်တာ မေးပြီးမှ တင်တာလား...။
ပုံ/
သိချင်သူ ပြည်သူတစ်ဦး...။
德美,老侯們的照片呢?
阿田還是老樣子。。 可愛 :)
အဲဒီဆိုင်က ဓါတ်ဆီဆိုင် ဘေးနားက ဆိုင် မဟုတ်လား။
To
ကိုပေါ
အမှန်က လန်ကွတ်တီနှင့်တကွ ဟိုတခါ မင်္ဂလာဆောင်က ကိုပေါပုံကိုပါ မြင်ယောင်ပါသည်။ ထည့်ပြောရမှာ အားနာလို့ဖြစ်ပါသည်။ :D
"မင်းကွတ်သီးကို အခွံမခွာပဲ အထဲမှာ ဘယ်နှမွှာရှိသလဲ ဆိုတာကိုလည်း ကျနော့် တသက်နဲ့တကိုယ် အဲဒီညမှပဲ သိခဲ့ရပါတယ်။"
ဒို့လည်းသိတယ်..
(အမြဲတမ်းပိတ်သတ်တဦး)
ဘာကွတ်တေးကို ကြိုက်ပါသည်။ (ဘယ်သူမှကျွေးမှာလဲမဟုတ်ဘဲနှင့် ပြောသွားသည်။)
ဆင်ဆင်က လန်ကွတ်တီကို တော်တော်သတိရနေတာဘဲနော်။ သူလဲချောင်ကျဘူးတယ်ထင်တယ်။
ဘာကွတ်တေးကို ကြိုက်ပါသည်။ (အကြိုက်တူသူ တစ်စုံတစ်ယောက်များ ၀ယ်ကျွေးမလားလို့  ၀င်ပြောသွားသည်)
ဟုတ်သည်.မန်လေးသူ လန်းတယ်.
ကွန်ကလူးရှင်း..
မန်းလေးသူကို ကြိုက်တယ်၊ ဘာ့ကွတ်တေက လန်းတယ်၊ လန်ကွတ်တီက ဓာတ်ဆီဆိုင်ဘေးမှာ အနေရခက်ပြီး မင်္ဂလာဆောင်မှာ မင်းကွတ်သီးကို အခွံခွာပါတယ်။
လာဖတ်ပြီးတာ ကြာလှပါပြိး အခွင်မသာလို့
အဲဒီဆိုင်က ဘာကွတ်တေးကိုမကြိုက်ရင် တိုပါးရိုး shop & save နား 600@toapayoh (ဆိုင်နာမည်မှန်ရဲ့လားမသိဘူး) ဆိုင်က ဘာကွတ်တေးကို သွားစားကြည့်ပါလား ။ ကိုယ်တော့ကြိုက်လို့မကြာခဏသွားစားဖြစ်တယ် ။
ခပ်ဝါးဝါးပုံကို သံသယ ဖြစ်မိဒယ်...
အဟမ်း... အဟမ်း.... ကွန်ကလူးရှင်း ချရမယ်ဆိုရင် မန္တလေးသူကို ပြောပြပေးပါ... ဒီမှာ..... မန်းလေးသား ရှိတယ်လို့ :D :P
ရန်ကုန်သားနဲ့ မန်းလေးသူ ပဲကြားဖူးပါတယ်ဗျို့
အဟမ်း ကိုဘွိုက်နှင့် အတိုက်အခံလုပ်ပြောခြင်းသက်သက် မဟုတ်ကြောင်း O.o
အန် မှားသွားဘီ HeartStation နဲ့ HeartMuseum မှားပြောမိပြီ။
ဟီဗီး သွေ့ပုချိပါ တာကိုးတို့။
မှားတဲ့အခါလဲ မှားပေမပေါ့
သူ့ပုံထဲက မန်းလေးသူက လဲ တလုတ်မ ကြီးပါလား.....
မန်းဒလေးမှာမွေးရင် မန်းလေး သူပေါ့ကွယ်။ ခံစားစမ်းပါ။ ဘာဘာ ညာညာ မတွေးပါနဲ့။
မန်းဒလေး သူကိုမော့ကြည့်သွားသည်။
ိစိရဲ့..စိရဲ့ ပါ မကွမ်...
ရန်ကုန်တား တလုပ်ဂျီး
ရီလိုက်ရတာ comment တွေ
:D
ဟုတ်ပါ့ဗျာ။ တီဇက်အေတို့က ဂလိုပဲ ပြည်သူ့မေတ္တာခံနေတာ :D
Hey, i have heart youtube has been blocked in your country, so if you want to watch youtube videos visit http://www.viddeo.net . You can watch and download all youtube videos. Http://www.viddeo.net