
ပီနန်ကျွန်းရဲ့ ကောင်းကင်ပြာကြီးဟာ အမြဲတမ်းပြာနေတတ်ပြီး တိမ်ဖြူဖြူတွေက အမြဲတမ်းလိုလို ဖွေးဖွေးဖြူ နေတတ်ပါတယ်။ ကောင်းကင်က မပြာတော့ပဲ တိမ်တွေလည်း မဖြူတော့တဲ့အခါ မိုးရွာဖို့ သေချာပါပြီ၊ ဒါ ကျနော် လေ့လာမိသလောက် ပီနန်ကျွန်း အကြောင်းပါပဲ။

တိမ်စိုင်တိမ်ခဲတွေဟာ စက္ကန့်နဲ့အမျှ ပုံသဏ္ဍန်ပြောင်းလဲနေတယ်၊ သူတို့ကို ပုံစံ မပြောင်းစေချင်လို့ရှိရင် ဓာတ်ပုံရိုက်ထားရတယ်၊ ဒါ ကျနော် လေ့လာမိသလောက် တိမ်တိုက်တွေ အကြောင်းပါပဲ။

ကောင်းကင်ပြာပြာကို ကျနော်ချစ်သလို၊ တိမ်ဖြူဖြူတွေကိုလည်း ကျနော် အရမ်းချစ်ပါတယ်။ ဒါ ကျနော် လေ့လာမိသလောက် ကျနော့် အကြောင်းပါပဲ။



Post a Comment
အပေါ်က form ထဲမှာ မြန်မာစာရိုက်မရသူများ ဒီမှာရိုက်ပြီး ကူးထည့်နိုင်ပါတယ်။15 comments:
ဒီလိုပါဘဲ။ ဆင်ကြီးကို လဲပုဏား ခြောက်ယောက်က ကိုင်ကြည့်ပြီး ကြိုက်သလိုပြောကြတာဘဲ။
အခန်းဆက် ဘယ်လောက်မှန်းသလဲ။
တိမ်နဲ့တင်တစ်ပုဒ်ဖြစ်နေပြီ. ဒုက္ခ.
C for cloud လို့ဖြစ်ရမှာကွာ။ တောက်.........
သုံးညထဲမို့လို့တော်တော့တယ်။ မျက်စေ့နောက်လိုက်တာ။
ဟိုးထား.. ဟိုးထား.. ဒါအခန်းဆက်ထဲ ထည့်မတွက်ရဘူး၊ ပျိုးနေတုန်းရှိတာ။
ကောင်းကင်တွေ ၊ တိမ်တွေကိုများ တစ်ခါမှ မချစ်ဖူးပါဘူး.. ကလေးကလား...ဟင်း......။
ဟယ်...... ပျိုးနေတုံး ဆိုပါလား..... ဖီယား...ဖီယား....
ဘာမဆိုင်တဲ့ မယ်ဆင်ကို ဘယ် ပုဏ္ဏားဘလိုင်း ခြောက်ယောက်က ဘယ်နေရာ စမ်းသွားတယ်ဆိုတာ သိချင်တယ်။
သြော် တိမ်တွေဆိုတာ တကယ်တော့ ကောက်ကောက်ကွေးကွေး အရောင်ရှိတာကိုး...
that's it?
No char kway teow?
No Asam Laksa?
No Seafood?
i'll disown you :P
မှတ်သားစရာ တပုံတပင် :)
ရာသီဥတုနှင့် အချစ်ဟာ...
ဒါ ဒါ ဒါ
အောက်ဆုံးက တိမ် ပိုလှတယ်..
တိမ်နဲ့တင် ပြီးသွားတယ်..ပို့စ်က
ပုံထဲမှာ Penang နဲ့ Cloud ကိုပဲတွေ့တယ်။ Me ကိုမတွေ့ဘူး။
မျိုးနှင့်မြစ်ကျိုးအင်းကြားထဲမှာ အမည်မသိ သို့..
ရှိတယ်၊ အဲဒါတွေ အကုန်ရှိတယ်၊ ဖြည်းဖြည်းပေါ့။ :)
ကြည် သို့..
Me က ကင်မရာနောက်ကွယ် တနေရာမှာလေ၊ ပါပါတယ်။